• Home

  • မူလစာမျက်နှာ
  • ပအိုဝ်းသမိုင်း
    • ပအိုဝ်းနောက်ခံသမိုင်း
    • လူမျိုးနှင့် ဘာသာစကား
    • ပအိုဝ်းယဉ်ကျေးမှုနှင့်စာပေ
    • ပအိုဝ်းလူမျိုး ဆင်းသက်လာပုံ
    • ပအိုဝ်းတို့၏ စီးပွားရေး
    • ပအိုဝ်းတို့၏ လူမှုရေး
    • ပအိုဝ်းတို့၏ လှုပ်ရှားမှု
    • ပအိုဝ်းတိုင်းရင်းသား
    • ရိုးရာဓလေ့
  • စာပေ
    • ပအိုဝ်းသွေးချင်းညီနောင်ရင်း
    • ပအိုဝ်းစာစောင်
    • ပအိုဝ်းစာပေ
    • ပအိုဝ်းမဂ္ဂဇင်း
    • ပအိုဝ်းဝတ္ထု
    • အဆိုအမိန့်များ
  • နည်းပညာ
    • ကွန်ပြူတာ
    • အင်တာနက်
    • သိပ္ပံနည်းပညာ
  • ကျန်းမာရေး
    • ကျန်းမာရေးဗဟုသုတ
  • လူမှုရေး
    • လူမှုရေးရာ
  • အနုပညာ
    • ပအိုဝ်းဂီတ
    • အနုပညာသတင်းလွှာ
  • ဟာသ
    • ဟာသရသ
    • ကာတွန်း
You are here : Home »
Showing posts with label localnews. Show all posts

နန်းကြည်ဝင်းမေ (ခ) ခမ်းလောင်းသည် (၂၃.၅.၂၀၁၁) ရက်နေ့တွင် ဦးသန်းလွင်အိမ်မှ ထွက်ပြေးသွားပါသည်။ ပျောက်ဆုံးချိန်ညနေ(၅း၀၀) နာရီ အချိန်ခန့်တွင် ပျောက်ဆုံးသွားပါသည်။ သူကပအိုဝ်းလူမျိုးဖြစ်ပါသည်။ အရွယ် (၁၂)နှစ်၊ ဗမာစကားအနည်းငယ်ပြောတတ်ပါသည်။ တွေ့ရှိပါက အမြန်အကြောင်းကြားပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

ကျေးဇူးတင်းပါသည်။


တွေ့ရှိပါက အကြောင်းကြားရန်လိပ်စာ
ဦးပညာဗလ၊ ထီရီး
တောင်ကြီးကျောင်းတိုက်
အမှတ် (၇၁)၊ မဟာစည်သာသနာ့ရိပ်သာလမ်း၊ ဗပာန်းမြို့နယ်၊ ဖုန်း- ၀၁-၅၄၂၅၀၂

ဦးကောဝိဒ ၊
ဝိဇာလင်္ကာရကျောင်းတိုက်၊
သာကေတမြို့နယ်၊ ရန်ကုန်။ ဖုန်း- ၀၉-၇၃၁၄၅၂၂၀

နန်းကြည်ဝင်းမေ (ခ) ခမ်းလောင်း ဇာတိရွာ၏ လိပ်စာမှာ
အဖအမည် - ဦးခွန်ဖေ
ထီရီကျေးရွာ၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ဆီဆိုင်မြို့နယ်၊ တောင်ကြီးခရိုင်၊ ရှမ်းပြည်တောင်ပိုင်း။

နန်းကြည်ဝင်းမေ (ခ) ခမ်းလောင်း၏ ရန်ကုန်ရှိ နေအိမ်လိပ်စာမှာ
ဦးသန်းလွင်
ဆီးဆုံလမ်း၊ ရှမ်းလမ်းမှတ်တိုင်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- ၀၁-၅၁၀၄၃၀
b35213
၂၀၁၁ ခုနှစ် ပအိုဝ်းတိုင်းရင်းသားရိုးရာ ဒဉ်ဆီးလာဗွေ တပေါင်းပွဲတော် အခမ်းအနားများကို မတ်လ ၁၉၊ ၂၀ ရက်နေ့များက တောင်ကြီးမြို့ တောင်ကြီးကျောင်းတိုက်နှင့် ကန်ကြီးရပ်ကွက်ရှိ ဂနိုင်ရေး ပအိုဝ်းတိုင်းရင်းသား ဘက်စုံအားကစားပြိုင် ကွင်းတို့တွင် ကျင်းပကြောင်း သိရှိရသည်။
မတ်လ ၁၉ ရက်နေ့ နံနက် ၈ နာရီတွင် မြို့မြောက်ဘက်ပိုင်း ညောင်ပင်သာစုရပ်မှ မြို့တောင်ဘက်ဘက်ပိုင်း တောင်ကြီးကျောင်းတိုက်သို့ မြို့လယ် ဗိုလ်ချုပ်အောင်ဆန်း လမ်းမတစ်လျောက် အလှူပဒေသာပင်များကို ထမ်းပိုး၍ အိုးစည်ဗုံမောင်း အကအခုန်များဖြင့် လှည့်လည်ပို့ဆောင်ခဲ့ရာ ရှမ်းပြည်နယ် တောင်ပိုင်းမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ ပအိုဝ်းတိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့ဝင်ပေါင်း ၅၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြသည်။
မတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ရှမ်းပြည်နယ် တောင်ပိုင်းမြို့နယ်၊ ကျေးရွာများမှ ဆရာတော်ကြီးများအား သိက္ခာထပ် သိမ်ဆွမ်းလောင်းခဲ့ကြပြီး ပင့်သံဃာနှင့်တောင်ကျောင်းကြီး ကျောင်းတိုက်မှ သံဃာတော် အပါး ၄၀၀ ကျော်ကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကာ မဟာဂန္ဓ၀ါစကပဏ္ဍိတတစ်ပါး၊ ဓမ္မာစရိယ ငါးပါး၊ ၀ိနယဓရ တစ်ပါး၊ အင်္ဂုတ္တရနိကာယ၀ိဒူတစ်ပါး၊ ဗုဒ္ဓတက္ကသိုလ် ဒီလိုမာ နှစ်ပါး၊ သာမဏေကျော်နှစ်ပါး၊ ပထမကြီးတန်း ၅၄ ပါး၊ သီလရှင် ၁၂ ပါးတို့အား စာအောင်ဂုဏ်ပြုဆုများ ကပ်လှူပူဇော်ခဲ့ကာ လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေ၍ အလှူပဒေသာပင် ငွေနှင့်ပစ္စည်းများကို ကျောင်းတိုက် အသီးသီးသို့ ခွဲဝေ လှူဒါန်းခဲ့ကြောင်း သိရသည်။
မွန်းလွဲ ၂ နာရီတွင် အသင်းပေါင်း ၂၇ သင်း ၀င်ရောက်ယှဉ်ပြိုင်သည့် အမှတ်ပေးဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ကျင်းပ၍ ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ညနေ ၆ နာရီမှ စတင်၍ ပအိုဝ်းတိုင်းရင်းသားရိုးရာ ယိမ်းအကပြိုင်ပွဲ၊ အဆို ပြိုင်ပွဲ၊ အရေးပြိုင်ပွဲ၊ ကွက်စိပ်(မော်) ပြိုင်ပွဲ၊ ဘာဂျာပြိုင်ပွဲ၊ ပအိုဝ်း လှယဉ်ကျေးမယ် ရွေးချယ်ပွဲ၊ ဖိတ်ကြားထားသည့် အခြားတိုင်းရင်းသား ယဉ်ကျေးမှု အကများ၊ ပအိုဝ်းတေးသံရှင်များ၏ တေးသီချင်းများဖြင့် နံနက် ၅ နာရီအထိ ဖျော်ဖြေတင်ဆက်ကာ မတ်လ ၂၀ ရက်နေ့ညတွင် ဆုများ ပေးအပ်ချီးမြင့်ခဲ့ကြောင်း ကျင်းပရေး ကော်မတီမှ သိရှိရသည်။
Eleven News
previous home
  • ပို့စ်အသစ်များ
  • မှတ်ချက်ရေးသားမှုများ
PAOKHAM.COM
မလေးရှားမြန်မာငွေဈေး ရင်းဂစ် ၁ = ၂၅၀ ကျပ်

နေ့စဉ် ကဏ္ဍများ

Total Pageviews

Sparkline
2011 PA-OH Kham. All rights reserved.
Designed by myanmarpress.net