အခန်းမကျော်အောင်
၅နှစ်အရွယ်နှင့် ၇နှစ်အရွယ် ညီအစ်ကို ကလေးနှစ်ယောက်တို့
တီဗွီကိုထိုင်ကြည့်နေကြစဉ် အငယ်ကောင်က တီဗွီခလုတ်ကို ပိတ်လိုက်သည်။
“ကြည့်လို့ကောင်းနေတုန်း ဘာလို့ တီဗွီ ခလုတ်ကို ပိတ်ရတာလဲ”
“ငါ ရှူးရှူးသွားပေါက်နေတုန်း အခန်းကျော် သွားမှာစိုးလို့”
ချစ်ရတဲ့ မြေးလေး
အငြိမ်းစား တရားသူကြီးသည် စာသင်ကျောင်းထဲ ၀င်သွားခဲ့သည်။
“ကျွန်တော်ဟာ သူငယ်တန်းက ဆန်နီလေးရဲ့ အဘိုးပါ။ ကျွန်တော်မြေးလေး
ကျောင်းတက်တာ ကိုလာကြည့်တာပါ”
“သြော်…ဟုတ်ကဲ့၊ ဆန်နီလေးဟာ သူ့ အဘိုးအငြိမ်းစားတရားသူကြီးရဲ့ ဈာပနာကို
လိုက်ပို့စရာရှိလို့ ဆိုပြီး ခွင့်ယူသွားပါတယ်ရှင် ”
သူဆိုရင် လက်တည့်တယ်
“ဟေ့လူ ဟောဟိုမှာစုပြီး ကစားနေတဲ့ကလေးငယ်တွေထဲက ကျွန်တော့်ကို ခဲနဲ့
လှမ်းပေါက်တာ ခင်ဗျားသားဖြစ်မယ်ထင်တယ်”
“ခင်ဗျားကို ထိသွားလို့လား”
“ဟင့်အင်း”
“အဲဒါဆို ကျွန်တော့်သားမဟုတ်ဘူး”
ယုံကြည်လာသူ
“ငါ့မိန်းမက ငါ့ကို ဘာသာရေးသမားဖြစ်အောင် လုပ်ပေးလိုက်တယ်ကွ”
“ဘယ်လိုလုပ်ပေးတာလဲ သူငယ်ချင်း”
“သူနဲ့လက်မထပ်ခင်အထိ ငရဲရှိတယ်ဆိုတာ ငါမယုံခဲ့ဘူးလေ”
သမက်ရဲ့စေတနာ
“ယောကျာ်ားရေ မေမေကပြောနေတယ်။ ရှင်ပြောတဲ့ဟာသတွေက အရမ်းရယ်ရလွန်းလို့
အူတက်ပြီး သေမတက်ပဲတဲ့”
“တကယ်လား၊ ဒါဆို ဒီထက်ပိုရယ်ရတဲ့ ဟာသတွေ ပြောပြပေးမယ်”
ပေါက်ကရမပြောနဲ့
ယာဉ်ထိန်းရဲက အမြန်မောင်းလာသူကို ပြောလိုက်သည်။
“လူကြီးမင်းရဲ့ ကားမောင်းနှုန်းက တစ်နာရီ ၈၅ မိုင်ဖြစ်နေပါတယ်”
“ပေါက်ကရမပြောနဲ့။ ငါမောင်းလာတာမှ ဆယ်မိနှစ်ပဲ ရှိသေးတယ်”
ကြည့်ရှင်းသွားလိမ့်မယ်
“ဟေ့ ၀ိတ်တာ၊ ငါ့လက်ဖက်ရည်ခွက်ထဲမှာ ယင်ကောင်ကြီးနဲ့”
“ဘာမှမပူနဲ့၊ လူကြီးမင်းရဲ့ ပေါင်မုန့်ယိုသုတ်ပေါ်မှာရှိတဲ့ ပင့်ကူက
ကြည့်ရှင်းပေးသွားလိမ့်မယ်”
သူ့ဆုတောင်း
အိုင်ယာလန်နိုင်ငံရှိ ဆုတောင်းပြည့်ရေတွင်းကြီးသို့ လူလတ်ပိုင်းအရွယ်
စုံတွဲနှင့် မိတ်ဆွေတစ်ယောက်တို့ ရောက်ရှိလာကြသည်။
ခင်ပွန်းသည်က အကြွေတစ်စေ့ကို တွင်းထဲပစ်ချပြီး ငြိမ်သက်စွာအာရုံပြု
ဆုတောင်းနေသည်။ ဇနီးသည်ကလည်း သူ့ခင်ပွန်းကဲ့သို့ ပြုလုပ်လိုက်သည်။
သို့သော် အကြွေစေ့ပစ်ချစဉ် အရှိန်လွန်ခြေချော်ကာ
တွင်းထဲသို့လိမ့်ကျသွားသည်။
လောလောလတ်လတ် မုဆိုးဖိုဖြစ်သွားသည့် ခင်ပွန်းဖြစ်သူက သူ့မိတ်ဆွေကို
လှည့်ပြောလိုက်သည်။
“ချက်ချင်းဆုတောင်းပြည့်တာ အံ့စရာပဲဗျာ”
ဒါကပေါ့တာကိုး
“စုန်းတွေဟာ ဘာကြောင့် တံမြက်စည်းကိုစီးတာလဲ”
“ဖုန်စုပ်စက်က အရမ်းလေးလွန်းလို့ပါ”
မေမေလာပြီးရှင်းပေးမယ်
လေးနှစ်အရွယ် ကလေးငယ်သည် တော်ဖီမစားရ၍ စိတ်ကောက်နေသည်။ ချော့မော့မရသဖြင့်
မိခင်က အလျှော့ပေးလိုက်သည်။
“မေမေတို့အိမ်ရဲ့ မျက်စောင်းထိုးဆိုင်မှာ နှစ်ခုသွားဝယ်စား။ ပြီးရင် မေမေ
လာရှင်းပေးမယ် ပြောလိုက်”
ကလေးငယ်သည် မျက်စောင်းထိုးဆိုင်တွင် တော်ဖီနှစ်ခုယူပြီးနောက်
ဆိုင်ရှင်ကို မေးလိုက်သည်။
“ဘယ်လောက်ကျလဲ ဦးဦး”
“ရပါတယ် သားသားရယ်၊ ဦးဦးကို တစ်ခါပဲ မွှေးမွှေးပေးခဲ့”
“ဟုတ်ကဲ့ ကျတဲ့တန်ဖိုးကို မေမေလာပြီး ရှင်းပေးလိုက်မယ်”
ငွေမရှိတော့လို့
“မနေ့ညက စာအုပ်တစ်အုပ်ဖတ်ရင်း မျက်ရည်ခဲ့ရတယ်ကွာ”
“ဟုတ်လား၊ စာရေးဆရာ ဘယ်သူ့ရဲ့ စာအုပ်လဲ သူငယ်ချင်း”
“ငါ့ရဲ့ ဘဏ်စာအုပ်ပါ”
မတော်တဆမှု
“ရထားစီးရင်း မတော်တဆမှု ကြုံခဲ့ဖူးလား”
“ကြုံဖူးတာပေါ့၊ ရထားကြီး ဥမင်လိုဏ်ခေါင်းထဲဝင်သွားတုန်း ဘေးနားက
အမျိုးသမီးထင်ပြီး ဖက်နမ်းလိုက်တာ သူ့ဖားသားကြီး ဖြစ်နေတယ်”
အဓိကအလုပ်
“မင်းဟာ ဆရာဝန်တစ်ယောက် ဖြစ်နေပြီဆိုပါစို့ကွာ။ မင်းကုနေတဲ့ လူနာဟာ
တစ်နေ့တခြား အခြေအနေ ဆိုးလာပြီဆိုရင် ဘာလုပ်မလဲကွ”
“ဆေးကုခတွေ အမြန်ဆုံးတောင်းထားရပါလိမ့်မယ် ဆရာ”
သေးလွန်းလို့
“ဟေး ၀ိတ်တာ၊ မင်းလာချပေးတဲ့ ထမင်းကြော်ပန်းကန်ထဲမှာ တီကောင်နှစ်ကောင် ပါလာတယ်ကွ”
“အဲဒါ ၀က်အူချောင်းပါ ဆရာ”
ဝိုင်းကူမှ ပိုဆိုး
“သားရဲ့ အိမ်စာတွေ မေမေ ၀ိုင်းကူရေးပေးလိုက်တာ ဆရာမက ဘာတွေပြောသေးလဲကွဲ့”
“သားကိုယ်တိုင်ရေးရင် ဒီလောက်မမှားနိုင်ဘူးတဲ့”
ဒါကြောင့်မို့
“ဒီလူတွေအကုန်လုံး မတ်တတ်ရပ်နေအောင် မင်းဘယ်လိုလုပ်လိုက်တာလဲ”
“ထိုင်ခုံတွေ သွားဝှက်ထားလိုက်တာပါ”
ခွေးဖြစ်ပြီမို့
“ကိုယ့်ကိုယ်ကို ခွေးဖြစ်သွားပြီ ထင်နေမိလို့ ကယ်ပါဦးဒေါက်တာရယ်”
“ကောင်းပြီ၊ ခုတင်ပေါ်တက် လှဲလိုက်ပါ”
“ဟင့်အင်း၊ ခုတင်အောက်ပဲ ၀င်ပါရစေ”
မိသားစု
“ကြောင်မိသားစုဝင်လေးမျိုးကိုပြောပြစမ်းကွာ”
“ကြောင်အဖေကြီး၇ယ်၊ ကြောင်အမေကြီးရယ်၊ ကြောင်ပေါက်စန နှစ်ကောင်ရယ်ပါဆရာ”
မေ့မေ့စကား
“မေမေ သားကို ကိတ်မုန့် နှစ်လုံးပေးပါ”
“မနက်ဖြန်မှ တစ်လုံးစားလေကွယ်”
“ဟွန့် မေမေပဲပြောတယ်လေ။ ဒီနေ့ လုပ်ရမယ့် အလုပ်ကို မနက်ဖြန် မရွှေ့ပါနဲ့တဲ့”
စေတနာနဲ့ပါ
“မနက်စောစော လူကြီးတစ်ယောက်ကို ကူညီခဲ့တယ် ဖေဖေ”
“စောစောစီးစီး ဘာကူညီခဲ့တာတုန်းသားရဲ့”
“ဘေးခန်းက ဦးလေးကြီး သူအလုပ်သွားတော့ မမီမှာစိုးလို့
အိမ်ကအင်းခွေးကြီးကို ကြိုးဖြည်ပေးလိုက်တယ်။ခွေးလိုက်

ဆွဲလို့
အတင်းပြေးတာကြောင့် သူ့အလုပ်ကို ကောင်းကောင်းမီမှာ ကျိန်းသေတယ် ဖေဖေရဲ့”
လက်ထက်စရိတ်
“မိန်းမယူရင် လက်ထက်စရိတ် ဘယ်လောက်ကုန်မလဲ ဖေဖေ”
“မသိဘူးသား ဖေဖေတော့ ဒီနေ့အထိ ပေးနေရတုန်းပဲ”
ဖြစ်ခဲ့မိတာက
“ကျွန်မတို့ အိမ်ထောင်သက်တမ်းက ဒီနေ့ဆိုရင် နှစ်ပေါင်းအစိတ်ရှိပြီ။
တစ်ခါတလေ ကျွန်မကို ကွာရှင်းချင်စိတ် မဖြစ်မိခဲ့ဖူးလား”
“ဟင့်အင်း၊ သတ်ပဲသတ်ချင်တယ်”
သနားသွားလို့
“မနေ့ညက ငါ့အိမ်ကို သူခိုးဝင်ခဲတယ်”
“ဘာတွေ ပါသွားသေးလဲ”
“တစ်အိမ်လုံး နှံ့နှံ့တက် လိုက်ရှာပြီးတော့ စားပွဲအပေါ်မှာ ငါ့အတွက်
ငွေတစ်ရာတင်ပေးထားခဲ့ပြီး လက်ချည်းသက်သက် ပြန်ထွက်သွားတယ်”
အားမပးပါနဲ့
“ရေဒီယို အသံလွှင့်ရုံတွေကို ဘာလို့အဆောက်အဦ အမြင့်ကြီးတွေမှာ ထားရတာလဲ”
“အဆိုတော်ကို ခဲနဲ့လှမ်းပေါက်ရင် မမီနိုင်အောင်လို့”
လူ့အဖိုးတန်
“လူ့အဖိုးတန် ဖြစ်ချင်တယ်ဆိုပြီး အိမ်ကထွက်သွားတဲ့ ရှင့်သားလေး
အခြေအနေဘယ်လိုလဲ။ တိုးတက်မှုရှိပြီလား”
“အင်း ထင်တာပဲ၊နိုင်ငံခြားအစိုးရတစ်ခုက သူ့ကို ဆုငွေထုတ်ထားတယ်။ ဒေါ်လာတစ်သန်းတဲ့”
လျှို့ဝှက်ချက်
အခွန်ဝန်ထမ်းက ကုန်သည်ကိုပြောလိုက်သည်။
“ခင်ဗျားဟာ ကုန်သည်လုပ်နေပြီး နိုင်ငံတော်ကို အစီရင်ခံဖို့တော့ ပျက်ကွက်နေတယ်”
“အစီရင်ခံရမယ် ဟုတ်လား။ ဘာကို အစီရင်ခံ၇မှာလဲ”
“လုပ်ငန်းရဲ့ ပမာဏ၊ လုပ်ငန်းလည်ပတ်ငွေ၊ တစ်နှစ်တာ အမြတ်ငွေတို့ကို အစီရင်ခံရမယ်လေ”
“ခင်ဗျား ရူးနေလား၊ ဒီကိစ္စကို ကျုပ်မိန်းမတောင် အသိပေးတာမဟုတ်ဘူး”
သေချာတဲ့နည်း
“ကျွန်တော့်ကို ငွေငါးရာလောက် ခဏပေးပါ ဖေဖေ”
“ဘာလို့ဖို့လဲကွ”
“အလုပ်တစ်ခု လုပ်မလို့။ ကျိန်းသေပေါက် ငွေနှစ်ရာမြတ်မှာ။ အဲဒါကို အဖေနဲ့
ကျွန်တော်နဲ့တစ်ယောက်တစ်ရာစီ ခွဲယူရုံပဲ”
“ကဲ-ရော့ ငွေတစ်ရာ။ မင်းရဲ့အလုပ် အောင်မြင်ပြီလို့သဘောထားလိုက်။ အခု
မင်းရဲ့အမြတ်ငွေတစ်ရာ ရသွားပြီ။ ငါလည်း ငွေလေးရာ သက်သာသွားပြီ”
နည်းပေးလမ်းပြ
ကုမ္ပဏီအရှုံးပေါ်နေသဖြင့် စိတ်ပျက်လက်ပျက် ထိုင်နေသော ပိုင်ရှင်ကို
အတွင်းရေးမှူးက ပြောလိုက်သည်။
“ရုံးဝမှာ လူတစ်ယောက် ရောက်နေပါတယ်။ သူထမင်းမစားရတာ လေးရက်ရှိသွားပြီလို့ ပြောတယ်”
“ဟေ-ဟုတ်လား၊ သွားခေါ်စမ်း မြန်မြန်၊ သူ့ဆီက နည်းလမ်းတောင်းပြီး
ငါ့ဝန်ထမ်းတွေ အဲဒီလိုနေခိုင်းရမယ်”
ဝယ်သူအမြဲမှန်တယ်
အရောင်းစာရေးအသစ်ကိုသူဌေးက မှာကြားလိုက်သည်။
“၀ယ်သူအမြဲမှန်တယ်ဆိုတဲ့ ဆောင်ပုဒ်ကို မမေ့နဲ့နော်”
တစ်နေကုန် ဈေးဝယ်သူတို့သည် ဘာပစ္စည်းမှ မ၀ယ်ဘဲ ပြန်ထွက်သွားကြခြင်းကို
တွေ့ရသဖြင့် သူဌေးက အရောင်းစာရေးအသစ်ကိုခေါ်မေးလိုက်သည်။
“ဆိုင်ထဲဝင်လသူတွေဟာ ဘာလို့ မ၀ယ်ဘဲ ပြန်ထွက်သွားကြရတာလဲ”
“သူတို့က ပြောပါတယ်။ ဒီဆိုင်က ဈေးကြီးတယ်တဲ့။ ကျွန်တော်ကလည်း သူဌေးမှာ
ကြားချက်အရ သူတို့ပြောတာမှန်တယ်လို့ ထောက်ခံလိုက်တာကြောင့်ပါ”

ဧဒင်မှကူးယူပါသည်။
ဖန်တီးမှု
ယောက်ျားက သူ့မိန်းမကို မေးပြော ပြောလိုက်တယ်။“ဘာဖြစ်လို့ မင်းဟာ လှလည်းလှ တုံးလည်းတုံး ရသလဲ မသိပါဘူးကွာ”တဲ့။
မိန်းမက ပြန်ပြောတယ်။ “ရှင်းပြပါရစေ ကိုအဝှာ... ဘုရားသခင်က ကျွန်မကို ချောအောင် ဖန်ဆင်းခဲ့တယ်၊ ဒါမှ ရှင်က ကြိုက်တော့ မပေါ့။ ဒါပေမဲ့ ဘုရားသခင်နော်၊ အကုန်သိတယ်၊ ကျွန်မကို ခပ်တုံးတုံး ဖြစ်အောင်လည်း လုပ်လိုက်တယ်၊ ဒါမှ ရှင့်ကို ပြန်ကြိုက်မပေါ့ရှင်” တဲ့။
မင်းကပဲနိုင်လိမ့်မယ်
မောင်စိန်အေး၏ မွေးနေ့တွင် မိဘများက ၎င်းအမြဲပူဆာနေသော မြင်းတစ်ကောင်ကို ဝယ်လိုက်သည်။ ထိုမြင်းကြီးသည် ခွန်အားရှိပုံ မရချေ။ မောင်စိန်အေးက တိရစ္ဆာန် ဆေးကုဆရာဝန်ထံ သွားရောက်ပြသ၏။တိရစ္ဆာန်ဆေးကုခန်း ဆရာဝန်က ထိုမြင်းကြီးကို ကြည့်ရှုပြီးနောက် ပြောလိုက်သည်။
“ဒီမြင်းက သိပ်အသက်ကြီးနေပြီ”
“ကျွန်တော် သူနဲ့ ပြိုင်ပွဲဝင်ရင် ရမလား” ဟု မောင်စိန်အေးက မေးလိုက်၏။ တိရစ္ဆာန်ကု ဆရာဝန်က မြင်းကို ကြည့်လိုက်ပြီး
“သိပ်ရတာပေါ့။ မင်းကပဲ နိုင်ချင်နိုင်သွားလိမ့်မယ်” ဟု ပြောလိုက်လေသည်။
ဖြစ်တတ်ပါတယ်....
မောင်ဝ သည် တစ်ရက် အထက်တန်း စားသောက်ဆိုင် တစ်ဆိုင်တွင် ညနေစာ ဝင်ရောက်စားသောက်သည်။ စားသောက်နေရင်း နှင့် မောင်ဝသည် လေလည် အရမ်း လည်ချင်လာသည်။ ဆိုင်ထဲတွင် သီချင်းသံကလဲ အရမ်းကျယ်ကျယ် ဖွင့်ထားသဖြင့် မောင်ဝသည် အကြံရကာ တီးလုံးသံ အမြင့်ဆုံးရောက်ချိန်တိုင်း အားရပါးရ လေလည်လိုက်သည်။တစ်လုံး နှစ်လုံး လောက် အားရပါးရ လေလည်ပြီးသွားချိန်တွင် မောင်ဝ သည် အင်မတန်မှကျေနပ်သွားပြီး ဘေးဘီသို့ အသာလေ လှည့်ကြည့်လိုက်သော်အခါ.. ဆိုင်ထဲမှ လူများအားလုံးသည် မောင်ဝအား စိုက်ကြည့်နေကြသည်။ တစ်ချို့လဲ မျက်နှာရှုံ့ နှာခေါင်းပိတ် ထားကြသည် ကိုတွေ့လိုက်သော်အခါ မောင်ဝလဲ အံသြသွားပြီး တစ်စုံတစ်ခုအား သွားသတိရလိုက်သည်။ "သွားပါပြီး.. လက်စက်သက်တော့ သီချင်းသံက ငါ I pod ကလာနေတာကို.... "
အမြဲမှန်နေတဲ့ ဦးမှန် ...
ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့က ကျေးလက်ဒေသတစ်နေရာကိုသွားပြီး ရိုက်ကူးရေး ဆင်းကြပါတယ်။ တစ်နေ့ရုပ်ရှင်ရိုက်ဖို့ပြင်နေတုန်း အဘိုးအို တစ်ဦးရောက်လာပြီး"ဒီနေ့တော့ မင်းတို့ မရိုက်တာကောင်းတယ်၊ မိုးရွာ မှာကွ"လို့ပြောပါတယ်။ တကယ်လည်း အဲဒီနေ့ကအဘိုးအိုပြောတဲ့အတိုင်းမိုးတွေရွာလို့ ရိုက်ကူး ရေးတွေဖျက်လိုက်ရပါတယ်။
အဘိုးအိုက သုံးလေးရက် ဆက်တိုက်လာပြီး "ဒီနေ့တော့ နေသာမယ်၊ ဒီနေ့လေတိုက်မယ်" လို့ ပြောတိုင်းမှန်နေတာမို့ အဖွဲ့သားတွေက အံ့ဩနေကြပါတယ်။ ဒါပေမယ့် နောက်ရက်မှာ အဘိုးအိုက ရောက်မလာတော့လို့ အဖွဲ့သားတစ်ယောက်ကို လွှတ်ပြီးသွား မေးခိုင်းတော့ အဘိုးအို ပြန်ပြောလိုက်တာက "ငါ့ရေဒီယိုပျက်သွားတယ်ကွ။ မိုးလေဝသ အစီအစဉ် နားထောင်လို့ မရတော့ဘူး" တဲ့။
ငတုံးလေး
ကလေးငယ်တစ်ဦး ဆံပင်ညှပ်ဆိုင်သို့ ဝင်လာသောအခါ ဆံပင်ညှပ်သူက ၎င်းဆံပင် ညှပ်ပေးနေသူအား အခုလိုပြောသည်။“အဲဒီကလေးဟာ တော်တော်တုံးတဲ့ ကလေးလေးဗျ။ ခင်ဗျားကြည့်နေ ကျွန်တော်လက်တွေ့ပြမယ်” ဟုဆိုကာ ဆယ်တန်တစ်ရွက်နှင့် ငါးကျပ်တန် တစ်ရွက်ကို လက်တစ်ဖက်စီတွင် ကိုင်ထားရင်း
“ကဲ ကလေး မင်းဘယ်ဟာယူမလဲ”ဟုမေးရာ ကလေးငယ်က ငါးကျပ်တန်ကိုယူ၍ ထွက်သွားပါသည်။
“ကျုပ်ပြောတယ် မဟုတ်လား။ ဒီကလေးက ဘယ်တော့မှ တစ်ဆယ်တန် ယူရကောင်းမှန်း မသိဘူး” ဆံပင်ညှပ်သမားက ၎င်း၏ ဖောက်သည်အား ပြောလိုက်သည်။
ဆံပင်ညှပ်လာသူလည်း ဆံပင်ညှပ်ဆိုင်မှ ထွက်လာခဲ့ပြီး စောစောက ကလေး ရေခဲမုန့်ဆိုင်မှ ထွက်လာသည်ကို တွေ့သောအခါ မနေနိုင်တော့ဘဲ
“မင်းက တစ်ဆယ်တန် ဘာလို့ မယူတာလဲကွ” ဟု ကလေးငယ်အား မေးမြန်းရာ
“သားတစ်ဆယ်တန် ယူလိုက်ရင် နောက်ဆိုသားရေခဲမုန့် ဘယ်စားရတော့မလဲ ဦးရ”
ယောက်ျား
တီဗီထိုင်ကြည့်နေသော ယောက်ျားအား မီးဖိုခန်းထဲမှ ထွက်လာသော မိန်းမက စလောင်းဖုံးဖြင့် ခေါင်းရိုက်လိုက်သည်။
“ဘာဖြစ်တာလဲ”
“ရှင့်အိတ်ကပ်ထဲက တွေ့တဲ့လက်မှတ်ပေါ်က လော်ရာဆိုတာ ဘယ်သူလဲ”
“ဟာ၊ အဲဒါ ငါမြင်းပွဲသွားတုန်းက လောင်းခဲ့တဲ့ မြင်းနာမည်ပါ”
မိန်းမက ဘာမှမပြောတော့ဘဲ လှည့်ထွက်သွားသည်။ နောက်တစ်နေ့တွင် မိန်းမကယောက်ျားကို စလောင်းဖုံးဖြင့် ဆော်ပြန်သည်။ ပို၍ အားပြင်းပြင်းဖြစ်သည်။
“ဟ ဘာဖြစ်ပြန်ပြီလဲ”
“ရှင့်မြင်းမ အခုလေးတင် ရှင့်ဆီဖုန်းဆက်တယ်”

ဝါသနာအိုး
ဘောလုံးဝါသနာအိုး သွားဆရာဝန်တစ်ယောက်သည် လူနာတစ်ဦးအား သွားနုတ်ပြီးသော အခါ လူနာအား အကူအညီ တစ်ခုတောင်းသည်။
“ခင်ဗျား ကျွန်တော့်ကို ကူညီနိုင်မလား၊ အသံအကျယ်ကျယ်နဲ့ အရမ်းနာလို့ ထအော်တဲ့ ပုံစံမျိုး အော်ပေးစမ်းပါ” ဟု၍ ပြောလေသည်။
“ဘာဖြစ်လို့လဲ ဆရာ၊ ဆရာသွားနုတ်တာ ညင်ညင်သာသာပါပဲ” ဟု လူနာက ပြန်ပြောသည်။
“ဟုတ်ပါတယ်။ ဒါပေမဲ့ အပြင်မှာ လူနာတွေ တစ်ပုံကြီးရှိနေတယ်ဗျ။ ညနေ ၅ နာရီ မန်ယူပွဲတွေကိုလည်း ကျုပ်လက်မလွှတ်ချင်ဘူးလေ” ဟူ၍ ဆရာဝန်က ပြန်ပြောလေသည်။

အားလုံးအတူတူ
ကျွန်မခြေချောင်းကလေးကို ကဏန်းတစ်ကောင်က ကိုက်လိုက်တယ်။
ဘယ်ကောင်လဲ။
မသိဘူး၊ ကဏန်းတွေ အားလုံးက အတူတူလိုပါပဲ။
မှားသွားလို့ဘယ်ကောင်လဲ။
မသိဘူး၊ ကဏန်းတွေ အားလုံးက အတူတူလိုပါပဲ။
ဆယ်ကျော်သက် အရွယ်သမီးငယ်က နာရီဝက်ခန့် ဖုန်းပြောပြီးနောက် ဖုန်းချလိုက်ရာ ဖခင်ဖြစ်သူမှာ အံ့သြသွားပြီး
“ဟာ ငါ့သမီး ဒီတစ်ခါ ဖုန်းပြောတာ တယ်မြန်တာပဲ။ ခါတိုင်းဆို အနည်းဆုံး နှစ်နာရီလောက်ကြာတာ။ ဒီတစ်ခါ ဘယ်လိုဖြစ်တာလဲ”
“ဖုန်းနံပါတ်မှားလို့တဲ့ အဖေ” ဟု သမီးဖြစ်သူက ပြန်ပြောပါသည်။