မေလးရွား -ၾသစေၾတလ် ဒုကၡသည္ဆိုင္ရာ သေဘာတူ ခ်က္အား ၾသစေၾတးလ် တရားရံုးခ်ဳပ္က ပယ္ခ်
ၾသစေၾတးလ်း တရားရုံးချုပ်မှမလေးရှားနှင့် သဘောတူထားသော ဒုက္ခသည်ဆိုင်ရာသဘော တူညီချက် အား ပယ်ချခဲ့ပြီးနောက် ၀န်ကြီးချုပ် Julia Gillard က
ယင်း သဘောတူညီချက် အသက်ဝင်ရန် ကြိုးစားသွားမည်ဟု ပြောကြားသည်။ “ မလေးရှားက
ဒုက္ခသည် နဲ့ လူမှောင်ခို ပြသဿနာ ကို အကောင်းဆုံး အဖြေ ကမ်းလှမ်းခဲပါတယ်အခု ချိန်မှာတော့ဒါဟာ အကောင်းဆုံးပါပဲ ” ဟု သတင်းထောက်များအား ပြောပါသည်။ သူမ အစိုးရ အနေဖြင့် မလေးရှားနှင့်ပြုလုပ်ထား သောသဘော တူညီချက်အား တရား ရုံးချုပ်က ဆန့်ကျင့်ခဲ့ခြင်းအပေါ် ကျော်လွှားနိုင်ရန် သြစတြေးလျ ၏ လူဝင်မှု ဥပဒေကို ပြင်ဆင်နိုင်ရန် ကြိုးစားသွားမည်ဟု ဆိုပါသည်။ တရားရုံး ချုပ်က သြစတြေးလျ သို့ရောက်ရှိနေသော လှေစီ ဒုက္ခသည် ၈၀၀ အား မလေးရှားသို့ ပြန်ပို့ဆောင် မည့်အရေးကို ဆန့်ကျင်ပယ်ချခဲ့သည်။
မလေးရှား-သြစတြေလျ သဘောတူညီချက်အရ မလေးရှားသို့ ပြန်ပို့ မည့် ဒုက္ခသည်
၈၀၀ အတွက် တစ်စုံတစ်ရာ အကာကွယ်ပေး သော ဥပဒေ မရှိ၍ ယင်း သဘောတူညီချက်အား ပယ်ဖျက်ပေးရန် သြစတြေးလျရှိ ဒုက္ခသည်အဖြစ် လျှောက်ထားသူ ၂ဦး ၏ ရှေ့နေက တရားရုံးချုပ်သို့ ဦးတိုက်လျှောက်ထားခဲ့သည်။ ထို့နောက် တရားရုံးက
မလေးရှား- သြစတြေးလျ ဒုက္ခသည် ဆိုင်ရာ သဘောတူညီချက်ကို ပယ်ချပေးခဲ့သည်။
မြန်မာ ၊ သီရလင်္ကာ ၊ဆိုမာလီယာ၊ အီရတ် နှင့် အာဖဂန်နစ္စတန် နိုင်ငံများမှ
မလေရှား သို့ ရောက်၇ှိနေသော ဒုက္ခသည် ၉၃၆၀၀ အပေါ် ဒုက္ခသည်ဆိုင်ရာ
အခွင့် အရေး မပေးခြင်း၊ ကြိမ်ဒဏ်ပေးခြင်း တို့ကို ကုလသမဂ္ဂ သဘောတူညိချက်အား
မျက်ကွယ်ပြု က မလေးရှားအာဏာပိုင်များ ကျူးလွန်နေ ကြောင်း ဝေဖန်သူများက
ထောက်ပြထားကြသည်။
by လင်းယုန် မဂ္ဂဇင်း